Sunday, November 21, 2010

Ma Nyi Mya Chin

Tuesday, October 19, 2010

အဖြည့်ခံ



မင်းပျော်ရွှင် ကျန်းမာဖို့နဲ့
ခရောင်းလမ်းတွေ လျှောက်ရတဲ့အခါ 
အားပြည့်နေဖို့ ဆုတောင်းပေးပါတယ်။ 



Saturday, October 2, 2010

မင်းနဲ့အတူ


ပူအိုက်တဲ့နွေရာသီမှာ အအေးဓါတ်ပေးနိုင်ဖို့
နားလည်မှု ယက်တောင်တစ်ခုဆောင်ထားတယ်။

မိုးရာသီမှာ မင်းလုံခြုံစေဖို့ 
ငါ့ချစ်ခြင်း ထီးတစ်လက်ရင်မှာ ပိုက်လို့။


ဆောင်းတွင်းမှာ အေးစက်နေတဲ့ မင်းလက်တွေ နွေးထွေးစေဖို့ 
 ပေးဆပ်မှုအနွေးဓါတ်နဲ့နွေးထွေးစေမယ်။



ဒါပေမယ့် 
အခြေအနေအကြောင်းကြောင်းကြောင့်
မင်းအနားမှာမနေနိုင်တဲ့အချိန် 
ဆုတောင်းများစွာနဲ့ မင်းသွားမယ့်လမ်း
သာယာပါစေ
တောင်ဆုခြွရင်း
ပေးဆပ်အသက်ရှင်သွားမယ်။


Wednesday, September 22, 2010

ကျေးဇူးတင် မှတ်တမ်း






အိမ်မက်များမှ နိုးထခွင့်ပေးလိုက်တဲ့
မောင့်ကို
ထာဝရ ကျေးဇူးတင်နေတော့မှာပါ။




Sunday, September 19, 2010

ရူးသွပ်ခြင်း

ရူးသွပ်ခြင်း

မင်းထားခဲ့တဲ့ လွဲမှားမှုတွေနဲ့အတူ
အထီးကျန်ခြင်းတွေငွေ့ရည်ဖွဲ့ရင်း
မျက်ရည်မိုးတွေ
ငါ့နှလုံးသားကို အအေးမိစေခဲ့ပီ။

ဒီလောက် ဖျားနာနေခဲ့တာတောင်
ဒီရင်ခုံသံတွေ မင်းကိုစွဲလမ်းရူးသွပ်နေတုံးပဲ။

ဘုရားသခင်ရေ
ကျွန်မနံရိုးရှင် အာဒမ်ရင်ခွင်ထဲ
အမြန်ပို့ပေးပါတော့။

မျက်ရည်မိုးတွေအားလုံး အနာဂါတ်ရဲ့
ပျော်ရွှင်ခြင်း တွေအတွက်
ငွေ့ရည်ဖွဲ့ခြင်းသာ ဖြစ်ပါစေ။

Sunday, September 12, 2010

ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေ

မင်းမွေးနေ့ကို ခါတိုင်းနှစ်တွေလိုပဲ
မွေးနေ့ကိတ်နဲ့ ဆုတောင်းဖုယောင်းတိုင်တွေ မပို့နိုင်ခဲ့လည်း
အမှတ်တရပါပဲ ဆုတောင်းပေးနေမိတယ်။
ဒါပေမယ့် စီစဉ်နိုင်ဖို့ ငါ့မှာအခွင့်မသာခဲ့ဘူး။
အဲဒီအတွက် စိတ်မကောင်းဘူး။
ဒီဆုတောင်းလေးနဲ့ မင်းမွေးနေ့ကို
ကောင်းချီးပေးလိုက်တယ်။

ချစ်ခြင်းကို တန်ဖိုးထားပြီး
ချစ်ခြင်းရဲ့သဘောကို နားလည်နိုင်သူ ဖြစ်ပါစေ။
စိတ်ဓါတ်ကြံ့ခိုင်ပြီး တရားမျှတစွာ
ပြောဆိုတတ်သူလေး ဖြစ်ပါစေ။
တစ်ဖက်သားရဲ့ ခံစားချက်တွေကိုနားလည်ပြီး
အခြေအနေကို အကောင်းဆုံးတုန့်ပြန်တတ်သူ ဖြစ်ပါစေ။
ကျန်းမာပျော်ရွင်ပြီး ဘုရားသခင်ကို သိတဲ့
မိဘကို စိတ်ချမ်းသာစေနိုင်တဲ့
လူမှုအတိုင်းအ၀ိုင်းမှာ ကောင်းကြိုးပြုနိုင်တဲ့
အထုူသဖြင့် ဘ၀ကိုရင်ဆိုင်တဲ့အခါ
အမှန်တရားဘက်က ရပ်တည်နိုင်ပြီး
ကိုယ်ကျိုးစွန့် စစ်သားကောင်းဖြစ်ပါစေ
လို့ ဆုတောင်းပေးလိုက်တယ်။
မွေးနေ့မှာ ပျော်ရွှင်ပါစေကွယ်။။။။

September 13, 2010, 25th birthday.

Thursday, August 19, 2010

အမှတ်တဆုတောင်း

မင်းမပါတဲ့ ပထမဆုံး ၁၉ ရက်ကို ရင်ဆိုင်နိုင်ဖို့
၁၈ ရက်နေ့ညနေ နေ၀င်ချိန်ကို သွားကြည့်ရင်းဆုတောင်းဖြစ်တယ်။

၁၉ ရက်အဖြစ် မင်းဆီနေထွက်တဲ့အချိန် အမှတ်တရရှိနေဖို့ပေါ့။
အခြေအနေအကြောင်းကြေင်းကြောင့် မတွေ့ရမမြင်ရ သတင်းမကြားရပေမယ့်
မင်းရင်ထဲမှာ ငါရှိနေတယ်ဆိုတဲ့ အသိလေးနဲက နှင့်သိမ့်ခဲ့ရတယ်။
လွမ်းတယ်ကွားးးးးးးးးးးးးးးးး။
မင်းရောက်လာနိုးနိုးနဲက ဆုံနေကျနေရာမှာ
ငါစောင့်နေပါတယ်။
တာဝန်နဲ့ဝတ်တရားတွေကြားမှာ မင်းနေသားကြနေမလား။
နေရာသစ်မှာ အတွေ့အကြုံအသစ်တွေနဲ့ ပျော်နေတာလား။
မင်းပြောပြလာမှပဲ ငါသိရတော့မှာပါ။
အခုတော့ အစစအရာရာ ဆုတောင်းပေးနေရင်း
စောင့်စားခြင်းက ငါ့အဖော်အမွန်ပေါ့။။။

Tuesday, August 17, 2010

လွမ်းရက်တွေရှည်ကြာလွန်းလှပြီ :(

ခဏခဏဖျားတတ်တဲ့ မောင်တစ်ယောက် နေမြေအပြောင်းမှာ အဆင်များပြေနေပါ့မလား။ အစားအသောက်နေရာထိုင်းခင်းတွေ အဆင်ပြေလား။ အလုပ်မှာကော အဆင်ပြေလား။ လားပေါင်းများစွာနဲ့ အိမ်မက်ဆက်တွေမက်ရင်း ခဏခဏထနိုးပြီး လွမ်းရက်တွေရှည်ကြာလွန်းလှပါတယ်။ အရင်ကတော့ အမေက နေ၀င်ချိန်တွေတိုင်း ဒီအချိန်ဆို သမီးဆီမှာ နေထွက်နေလောက်ပြီ ဆိုပြီးလွမ်းတယ် ဆိုတဲ့အကြောင်းပြောပြတော့ ခံစားရတယ်။ ဒါပေမယ့် အခုတော့ကိုယ်တိုင်ပဲ နေ၀င်ချိန်ကို အဖော်မဲ့စွာ ထိုင်ငိုရင်း မျက်ရည်ဝဲတဲ့ညတွေလည်း မနည်းတော့ဘူး။ ဒါပေမယ့်လဲလေး ဘုရားသခင်ကို တိုင်တည်ရင်းနေတိုင်းဆုတောင်းပေးနေရုံက လွဲရင်ပေါ့။ မောင့်ထုတ်ကုန်လေး အမြဲသစ်လွင်နေဖို့နဲ့ အစားမထိုးပြစ်ဖို့ ဘုရားသခင်ဆောင့်ရှောက်ပေးပါ။ မောင်တစ်ယောက် ပျော်ရွှင်ပါစေ။ ကျန်းမာပါစေ။ အစစအရာရာ အဆင်ပြေပါစေကွယ်။။

Friday, August 13, 2010

အချစ်ဆိုတာ

မင်းအတွက် အချစ်ဆိုတာ
စိတ်ခံစားမှုလား
ထိတွေ့မှုလား
အာရုံလှပမှုလား
အသံသာမှုလား
စိတ်ကူးရင်ပုံပြင်လား
နူးညံမှုလား
ကြင်နာခြင်းလား
အနှစ်နာခံခြင်းလား
အသာယူခြင်းလား
ကိုယ့်ရဲ့ခံစားချက်ကို ရှေ့တန်းတင်ဖို့လား
နှစ်ဦးသား အတူပေါင်းစပ်ဖို့ညှိဖို့လား
ဘာတစ်ခုမှ ငါနားမလည်တော့ဘူး
ငါ့ရဲ့အချစ်ရာဇ၀င် မင်းဟာ
.........................။


Love is...
© မောင်ထုဆစ်သော ♥ ပန်းပု - Template by Blogger Sablonlari - Font by Fontspace